International News

ဂျာမနီနိုင်ငံတွင် ဟိုက်ဒရိုဂျင်ရထားများ စတင်ပြေးဆွဲဆောင်ရွက်

Last Updated:

ဂျာမနီနိုင်ငံမြောက်ပိုင်း Lower Saxony ပြည်နယ်၊ Bremervörde မြို့ရှိ ရထားလိုင်း ကုမ္ပဏီတစ်ခုဖြစ်သော Elbe-Weser Railroad Company (EVB) သည် ဟိုက်ဒရိုဂျင် ဓါတ်ငွေ့အသုံးပြုရထားများ ပြည်တွင်းတွင် စတင်ပြေးဆွဲဆောင်ရွက်နေပြီဖြစ်ပါသည်။ EVB ကုမ္ပဏီသည် နှစ်ပေါင်း (၄၀)ကျော် ရထားလိုင်းများ ပြေးဆွဲခြင်းလုပ်ငန်းအတွေ့အကြုံရှိပြီး ဒီဇယ်အသုံးပြုရထားတွဲများနေရာတွင် အစားထိုး၍ လက်ရှိတွင် ဟိုက်ဒရိုဂျင် ရထား(၆)စင်းကို ပြေးဆွဲနေပြီး မီးခိုးငွေ့ထုတ်လွှတ်မှုလုံးဝမရှိဘဲ မောင်းနှင်နိုင်ကြောင်း သိရှိရပါသည်။ EVB ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ Mr.Christoph Grimm က ဟိုက်ဒရိုဂျင် ရထားများတွင် ဟိုက်ဒရိုဂျင် သိုလှောင်ကန်နှင့် fuel cell များကို ရထားတွဲခေါင်းမိုးပေါ်တွင် ထားရှိကြောင်း၊ စုစုပေါင်း ရထား (၁၄)တွဲ မှာယူထားမှုရှိပြီး ၂၀၁၃ ခုနှစ် နွေရာသီတွင် အားလုံးပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားပါသည်။

ဟိုက်ဒရိုဂျင် ရထားများကို Alstom ကုမ္ပဏီထံမှဝယ်ယူ၍ စတင်ပြေးဆွဲနိုင်ရေးအတွက် Lower Saxony ပြည်နယ်ရှိ Lower Saxony Regional Transport Company က ဖက်ဒရယ် အစိုးရ၏ National Hydrogen Strategy ရန်ပုံငွေထောက်ပံ့မှုအစီအစဉ်ဖြင့် ယူရို(၈၁)သန်း ပံ့ပိုးမှုပေးခဲ့ကြောင်း၊ ဟိုက်ဒရိုဂျင် ရထားများသည် တစ်ရက်လျှင် ပုံမှန်(၈၀၀)ကီလိုမီတာ ပြေးဆွဲနိုင်မှုရှိကြောင်း၊ လာမည့်၂၀၂၃ ခုနှစ်အတွင်း ဖရန့်ဖတ်ဒေသရှိ ဂျာမန်ရထားလိုင်း အချို့လည်း  ဟိုက်ဒရိုဂျင် အသုံးပြုရထားများအဖြစ် ပြောင်းလဲ ပြေးဆွဲဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source:https://www.dw.com/en/german-railway-firm-ushers-in-new-era-for-hydrogen-trains/a-64070343


 

Category: International News